နယ်ရုံးများ၏သတင်းများ

May 27,2022
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မျောက်ကျောက်ရောဂါ သတိပြုစရာ လက္ခဏာများအကြောင်းကို နံရံကပ် စာစောင်ပြုလုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြသခဲ့ကြောင်းသိရသည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ဇွန်လ  ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အအထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံမြန်မာ့သိုင်း သင်တန်း(အခမဲ့) သင်တန်းဖွင့်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
May 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Book Club) အသင်းအဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ ဖေမြင့်ရေးသားသည့်  “နှလုံးသား အာဟာရ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 26,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှကြီးမှူး၍ ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတများနှင့်ပြည့်စုံစေရန်၊ အင်္ဂလိပ်ဘာသာရပ်ကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊စာဖတ်ရှိန်မြှင့်မားရေးအတွက် (Thirty Burmese Tales-Book Review)ရေးဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 26,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်နှင့် ပြည်သူ့စာကြည့်တိုက်သို့ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
May 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သောအကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
May 26,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့်စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင် ရာရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။