လှိုင်မြို့နယ်တွင် နွေရာသီအခြေခံ တိုက်ကွမ်ဒိုသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

လှိုင် မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေ ခံတိုက်ကွမ်ဒို သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ရဲအောင်က အမှာစကားပြောကြားပြီး၊ တိုက်ကွမ်ဒိုနည်းပြ ဦးသက်ရှည်က “ ကျောင်းသား / သူ လူငယ်လူရွယ်များကျန်းမာရေး အထောက်အကူပြုစေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လာစေရန်၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ လူထုလှုပ်ရှားမှု အသိပညာပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် အားကစားသင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)