အမျိူးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

လွိုင်လင် ဇွန် ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် လွိုင်ခမ်းအမျိုးသမီးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံး Community Centre ခန်းမ၌ပြုလုပ်ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အစီအစဉ်အရ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော် က ကျားမအခြေပြုအကြမ်းဖက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လွိုင်ခမ်းအမျိုးသမီး အဖွဲ့ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွှန့်က အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ဉပဒေဖြင့် ကာကွယ်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီးဟောပြောကြသည်။   ထို့နောက် ဟောပြောပွဲ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြကာ  ဟောပြောပွဲကို ရုတ်သိမ်း လိုက်သည်။

အဆိုပါဟောပြောပွဲသို့  လွိုင်လင်မြို့ပေါ်ရှိ ရပ်ကွက်များမှ အမျိုးသမီးများ တက်ရောက် ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်