ကြံခင်း ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)စာစီစာကုံးပြိုင်ပွဲကိုယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းမှ စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်အရည်အသွေး ထက်မြတ်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်ပြီး ကျင်းပ ပြုလုပ်ကြောင်း ပြောကြားပါသည်။
ထိုနောက် အခြေခံပညာမူလတန်းအဆင့်(မူလွန်-အ မ က) မြို့မတောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က “မူးယစ်ဆေးဝါးတို့ရှောင်ရှား” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းမှ ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သည်။
ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို (လစဉ်)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)