နယ်ရုံးများ၏သတင်းများ

Jul 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 5 dose) ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ဦးရေ (၆၅)ဦးရှိကြောင်း သိရသည်။
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍
Jul 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်း (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယ‌နေ့ နံနက် (၁၀) နာရီ အချိန်ခန့်က စာရေးဆရာ မောင်မင်းစိုး ၏ “လူငယ်နဲ့လူမူရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။
Jul 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး Talk Show အစီအစဉ်ဖြင့် အပတ်စဉ်တင် ဆက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)အတွင်း မြို့နယ်ကျေးလက်ဒသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ပေးခဲ့သည်။
Jul 21,2022
လူငယ်များစာ​ပေဖတ်ရှု​လေ့လာပြီး ဗဟုသုတရရှိ​စေရန်ရည်ရွယ်၍ ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့​နံနက် ၁၀:၀၀ နာရီက စာ​ရေးဆရာ​ဦးစိုးနိုင်(မင်းသီဟရာဇာ)နှင့် "လူငယ်နှင့်စာ​ပေ" Talk Show ကျင်းပ​ဆောင်ရွက်ခဲ့သည်။
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဓါတ်ပုံပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်များအတွက် အခြေခံဓါတ်ပုံပညာနှင့် မိုဘိုင်းဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးနည်း (အခမဲ့)ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများအား စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် မြို့နယ် သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ယမန်နေ့ ညနေ ၃ နာရီတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 21,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား သိသင့်သိထိုက်သော အကြောင်းအရာ အချက်အလက်အခြေအနေများနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး အတွေးအခေါ် အမျှော်အမြင်များ ရင့်ကျက်လာ၍ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်လာနိုင်စေရေး သုတ၊ ရသ စာအုပ်စာစောင်များအား