နယ်ရုံးများ၏သတင်းများ

Jun 28,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍  မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေး (Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ အဖိုးတန်ဒီရေတောများ၏ အရေးပါပုံကိုသိရှိပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် ဒီရေတောနှင့် ပတ်သက်သော အသိပညာ ဗဟုသုတရစေရန်အတွက် ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီရေတောသစ်ပင်များ စိုက်ပျိုးရခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်သည်။
Jun 27,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ အကြောင်းအရာများအား  သိရှိနားလည်စေရန်နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ ဘေးအန္တရာယ်ဆိုးကျိုးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  အသိပညာပေး “သတင်းစကား ”လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံဖြန့်ဝေ ပေးခဲ့ကြသည်။
Jun 27,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက်
Jun 27,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍  ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရန် တိုင်းရင်းဆေးပညာနှင့်သွေးတိုးရောဂါအကြောင်း
Jun 27,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်၂၀၂၂ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်"သတင်းစကား" လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သော စာစီစာကုံး ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများအား (အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
Jun 27,2022
“မြန်မာ့ဂီတ​နေ့”ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာ Community Centre ၌ ယ​မန်နေ့ မွန်းလွဲ ၁ နာရီတွင် ဗဟန်းမြို့နယ် ဂီတအစည်းအရုံးက ကြီးမှူးကျင်းပ​သော" ဂီတ​နေ့"အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်းအမှတ်(၇) ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (စတုတ္ထ) အကြိမ်ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စာပေကော်မတီဝင် ၁၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။