နယ်ရုံးများ၏သတင်းများ

Jul 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး (Talk show)ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
Jul 21,2022
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများအား သွက်လက်ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများဖြစ်ပေါ်စေရန်ရည်ရွယ် ၍ ပုံဆက်ဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Jul 21,2022
စစ်ကိုင်းတိုင်း​ဒေသကြီး  ​ရွှေဘိုမြို့တွင် သက်ရှိအားလုံးတည်မြဲဖို့​ ရေအရင်းအမြစ်ကိုထိန်းသိမ်းစို့​ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယမန်နေ့ နံနက်ပိုင်းက မြောင်းမြမြို့၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။
Jul 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။
Jul 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် (၁ဝး၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Jul 20,2022
မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။