မိုင်းငေါ့ ဇူလိုင် ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရုံးခန်း (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီ အချိန်ခန့်က စာရေးဆရာ မောင်မင်းစိုး ၏ “လူငယ်နဲ့လူမူရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နာက် (Youth Club) အသင်းမှ မခိုင်ဇင်ထက်က လူငယ်နဲ့စိုးရိမ်စိတ်၊ မချယ်ရီက လူငယ်နဲ့ပြိုင်ပွဲ မသီတာထွေးက လူငယ်နဲ့အပြစ်၊ နန်းခမ်းဖောင်က လူငယ်နဲ့လူမူရေးစသည့် ခေါင်းစဉ်အသီးသီး တို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ စာဖတ်ဝိုင်းကို တစ်လလျှင် (၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)