တနင်္သာရီမြို့နယ် Community Centre တွင် သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီ ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး Talk Show အစီအစဉ်ဖြင့် အပတ်စဉ်တင် ဆက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)အတွင်း မြို့နယ်ကျေးလက်ဒသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက အစီအစဉ်တင်ဆက်သူအဖြစ်တာဝန်ယူ၍ အသိပညာပေးTalk Show ပြုလုပ်မည့်ရည်ရွယ်ချက်များနှင့်ဦးစီးဌာနအး မိတ်ဆက်ရှင်းလင်းပြော ကြားပေးသည်။

၎င်းအသိပညာပေးTalk Show အစီအစဉ်တွင် မြို့နယ်ကျေးလက်ဒသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင်က တနင်္သာရီမြို့နယ်သည် ရေဘေးအန္တရာယ်အဖြစ်များသဖြင့်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဆပ်ကော်မတီအဖွဲ့များခွဲ၍ ဘေးအန္တရာမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားနေစဉ် ယာယီကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာများထောက်ပံ့‌ပေးခြင်းနှင့်ရေပြန်ကျပြီးပါက ကျေးလက်ဒသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကုန်ထုတ်လမ်း များသွားလာမှုအဆင်ပြေရေးနှင့် ရေတွင်းရေကန်များကိုက လိုရင်းဆေးခတ်ပေးမည့် အစီအစဉ်များကို အသိပေးဆွေးနွေးပေးပြီး မြန် မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယိုတို့မှ အရေးပေါ်ထုတ်လွှင့်ပေးနေသော မိုးလေဝသ ထူးခြားမှုသတင်းများကိုလည်း အစဉ်ဆက် မပြတ်လေ့လာ နားထောင်ကြပါရန် တိုက်တွန်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာပေးဆွေးနွေးမှုရုပ်/သံကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန၏ We Love Tanintharyi Township Page နှင့် Tanintharyi Township Telegran တို့တွင် ဆက်လက်ထုတ်လွှင့် တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)