လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ Talk Show ကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၂၁

လူငယ်များစာ​ပေဖတ်ရှု​လေ့လာပြီး ဗဟုသုတရရှိ​စေရန်ရည်ရွယ်၍ ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့​နံနက် ၁၀:၀၀ နာရီက စာ​ရေးဆရာ​ဦးစိုးနိုင်(မင်းသီဟရာဇာ)နှင့် "လူငယ်နှင့်စာ​ပေ" Talk Show ကျင်းပ​ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ဦးစီးမှူး ဒေါ်ဝေလွင်လွင်ကျော်က ရှင်းလင်း​ပြောကြားပြီး စာ​ရေးဆရာ​​ဦးစိုးနိုင်(မင်းသီဟရာဇာ)က အလိမ္မာစာမှာရှိဆိုသည့်ဆိုရိုးစကားအတိုင်း ယ​နေ့​ခေတ်လူငယ်များအသိအလိမ္မာရှိ​စေရန် စာပေကို​လေ့လာဖတ်ရှုကြ​စေလို​ကြောင်း၊ စာ​ပေမှတစ်ဆင့်အကျိုးအ​​ကြောင်း၊ အဆိုးအကောင်းကို မှန်ကန်စွာသိရှိနိုင်မည်ဖြစ်​ကြောင်း၊ စာ​ပေသည်ငြီး​ငွေ့​နေလျှင် ​ပျော်ရွှင်မှုကိုပေး​​​ကြောင်း၊ စိတ်အားငယ်လျှင် တက်ကြွမှုကို​ပေး​ကြောင်းနှင့် မာန်မာနလွန်ကဲနေလျှင် သတိနှင့်ယှဉ်စေကြောင်းအစရှိသည့် စာအုပ်စာ​ပေဖတ်ရှုခြင်းကြောင့်ရရှိ​စေသည့် အကျိုး​ကျေးဇူးများကိုရှင်းလင်းပြီး လူငယ်များစာများများဖတ်ကြရန်​ တိုက်တွန်း​ဆွေး​နွေးခဲ့​​ကြောင်း သိရသည်။

ဝေလွင်လွင်ကျော် (ပြန်/ဆက်)