နယ်ရုံးများ၏သတင်းများ

Jun 29,2022
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မျောက်ကျောက်ရောဂါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 29,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအ‌နေဖြင့် အားလပ်သည့်အချိန်တွင် စာအုပ်စာပေများ ဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့်‌ မြို့နယ်ပြည်သူ့ စာကြည့်တိုက်သို့ လာ‌ရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက် မိမိတို့ရုံးဌာနများ‌အ‌ရောက် အချိန်မကုန်လူမပင်ပန်း‌ စေဘဲစာအုပ်စာ‌စောင်များ‌ လေ့လာဖတ်ရှုနိုင်စေရေးအတွက် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်က မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် စာအုပ်စာ‌စောင်များငှားရမ်းပေးနေကြသည်။
Jun 29,2022
မကွေးတိုင်းဒေသကြီး ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယမန့်နေ့ နေ့လယ် ၂ နာရီက  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ (၄၂၀)ဦး တက်ရောက်ခဲ့သည်။
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကိုယမန်နေ့မွန်းလွဲ(၃)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)  ခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက "မိုဘိုင်ဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်ရာ ပြည်ခရိုင်ခြောက်မြို့နယ်မှ မြို့နယ်ပြန်/ဆက်ဦးစီးမှူးများနှင့် သတင်းလုပ်ငန်းဆောင်ရွက်သည့်ဝန်ထမ်းများ တက်ရောက်သည်။
Jun 28,2022
ကျောင်းသား / ကျောင်းသူများ ကျောင်းစာအပြင်ပြင်ပ ဗဟုသုတရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုစေရေးနှင့် အသိပညာ‌များတိုးပွားစေရန် ရည်ရွယ်၍ ယနေ့ နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ စာရေးဆရာမတင်တင်၀င်း (စာပေဗိမာန်)၏ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးရေး စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန Community   Centre ခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။