နယ်ရုံးများ၏သတင်းများ

Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jul 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
Jul 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍  တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန်၊ မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသူ လေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းတည့်(၁၂:၀၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် အကြို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီက မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင်  စာရေးဆရာမ မြမဥ္ဇူနှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jul 01,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
Jul 01,2022
၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြို လှုပ်ရှားမှုအဖြစ် မြန်မာအမျိုးသမီးတို့၏ဂုဏ်ရည် ခေါင်းစဉ်ဖြင့်  အသိပညာပေး Talk Showကို