ဖား​ဆောင်းမြို့နယ် ​​​​​​​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန် မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေး နှိုးဆော်

ဖား​ဆောင်း ဇူလိုင် ၂၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန် မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှု​ဝန်ထမ်းဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက်(၈) နာရီက ​မြောက်ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ အသိပညာ​ပေး​ဆောင်ရွက်ရာတွင် ပြည်သူများအ​နေဖြင့် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပြန့်ပွားမှုများ ပြန်လည်ဖြစ်ပွားလာပြီး မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင် ထပ်မံ​တွေ့ရှိသည့် မျိုးရိုးဗီဇ​ပြောင်း အိုမီခရွန်​ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ​နေထိုင်ကြရန်နှင့် ကာကွယ်​ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိ​စေရန် ကာကွယ်​ဆေးထိုးနှံ​ပေး လျက်ရှိရာ ပြည်သူများအ​နေဖြင့် မပျက်မကွက်အကြိမ်​ရေပြည့်ဝစွာ ထိုးနှံ​ပေးကြပါရန် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို အရှိန်အဟုန်မြှင့် ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)