ငါန်းဇွန်မြို့ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်  ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နှင့် ဇွဲ”စာအုပ်အား လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အသင်းဝင် ဒေါ်သင်းသင်းဆွေ၊ မောင်သူရအောင်၊ မောင်ချစ်သဲမောင်နှင့် မချေရတနာတို့က “လူငယ်နှင့် ဇွဲ”စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို ရှင်းလင်းဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အသင်းဝင်များနှင့်အတူ အလယ်တန်းအဆင့် ကျောင်း သား/သူများကလည်း အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

သက်နောင်ဦး(ငါန်းဇွန်)