ဗိုလ်တထောင် ဇူလိုင် ၂၅
ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် လွှင့်တင်အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီက စည်ပင်သာယာ ပြည်သူ့အကျိုးပြုဆောင်ရွက်မှု အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းယဉ်က Talk Show ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က မြို့နယ်နေပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်ရန် အလေးထား ဆောင်ရွက်ရာတွင် စည်ပင်ကျန်းမာအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်သို့ ကွင်းဆင်း၍ ရေတွင်း၊ ရေကန်နှင့် ရေစည်များတွင်ပိုး လောက်လန်းများ စစ်ဆေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဈေးများဌာနမှလည်း မြို့နယ်ရှိဈေးများသန့်ရှင်းရေး၊ ဈေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနိုင်ရေး၊ ကျန်းမာရေး အသိပေးချက်များကို စဉ်ဆက်မပြတ် နိုးဆော်ပေးကြောင်း၊ ပြည်သူများ သောက်သုံးရေရရှိမှု၊ ရေဆိုးစွန့်ထုတ်မှု၊ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး၊ အမှိုက်များစနစ်တကျ သိမ်းဆည်းနိုင်ရေးတို့အပြင် မြို့နယ်သန့်ရှင်းသာယာ လှပရေးအတွက် နေ့စဉ်အမှိုက်များ လှည်းကျင်းခြင်း၊ သိမ်းဆည်းခြင်းများဆောင်ရွက်ခြင်း။ သစ်ပင်များ အောက်ခြေရှင်းလင်းခြင်းကိုလည်း ဆောင်ရွက်ပေးကြောင်း၊ လမ်းများပြုပြင်ခြင်း၊ ပလက်ဖောင်းများအသစ်ပြုပြင်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဝပ်မှုမရှိရေးအတွက် ရေနုတ်မြောင်းများ ပြုပြင်ခြင်းများနှင့် မြို့နယ် စည်ပင်သာယာမှ ဆောင်ရွက်ရသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး၊ အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)