ဘားအံ ဇူလိုင် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်မှု အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက်လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစည်သူဝင်းက မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း ရှေ့ပြေးစီမံချက်ဆောင်ရွက်ရခြင်းအကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း ရှေ့ပြေးစီမံချက်ဆောင်ရွက်သွားမည့် အစီအစဉ်၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအတွက်လုပ်ငန်း အကောင်အထည်ဖော်မှုအဆင့်ဆင့်၊ မသန်စွမ်းမှုစိစစ်ပေးနိုင်မည့် မေးခွန်းလွှာ(၅)စုံအကြောင်း၊ မသန်စွမ်းသူများအနေဖြင့် မသန်စွမ်းမှတ်ပုံတင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း ဖြင့် နိုင်ငံအနေဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံ တင်ခြင်းဆိုင်ရာရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု အသိပညာပေးဆွေးနွေးသည့် အကြောင်းအရာများကို မြန်မာဘာသာ၊ ပိုးကရင် ဘာသာနှစ်ဘာသာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)