တနင်္သာရီ ဇူလိုင် ၂၈
တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသူ/သားများအနေဖြင့် ဝါတွင်းကာလ အဖိတ်၊ ဥပုသ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိနှင့် စိတ်အပန်းဖြေ ပျော်ရွှင်စွာ စာပေဗဟုသုတများကို လေ့လာနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ပြိုင်ပွဲနှင့်ကစားပွဲများကို လေ့ကျင့်ပြုလုပ်ပေးကြသည်။
မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမသို့ လာရောက်လေ့ရှိသည့် အထက-တနင်္သာရီကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူများအနက် (၁၂) ဦးအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီသီခိုင်က အသိပညာပေး ပြောကြား၍ ဝန်ထမ်းများနှင့်အတူ ပုံပြင်ဖတ်ခြင်း၊ ပုံပြဉာဏ်စမ်းဖြေကြားခြင်း၊ ခုံလုပြိုင်ပွဲနှင့် အားကစားလေ့ကျင့်ခန်းများကို ပျော်ရွှင်ဖွယ်ရာ လေ့ကျင့်ပြုလုပ်ပေးပြီး အမှတ်တရလက်ဆောင်နှင့် နို့၊ ကိတ်မုန့်တို့ကို ကျွေးမွေးခဲ့ကြောင်းသိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)