ဟိုပန်​မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း

ဟိုပန် ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစေ​ရေး နှင့် စာအုပ်စာပေနှင့်ပိုမိုပြီး ရင်းနှီးကျွမ်းဝင်မှုရှိစေရေးတို့အတွက် ယနေ့နံနက်ပိုင်းက ဟိုပန်​မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန်နှင့် ဝန်ထမ်းများက အလက(ကောင်းကော်)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား မဂ္ဂဇင်း(၁၅)အုပ်နှင့် ပညာရပ်(၂၀)အုပ် စုစုပေါင်း သုတ၊ ရသ စာအုပ် (၃၅)အုပ်အား အခမဲ့ ငှားရမ်းပေးခဲ့သည်။

ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ရပ်ကွက်၊ ကျေးရွာများနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍  နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းခြင်းကို လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)