ပြည်မြို့တွင် E-library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပြည် ဇူလိုင် ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ယနေ့နံနက် ၁၀ နာရီက E-library Management System Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ဦးစီးဌာနမှ Digital Library ကူးပြောင်းနိုင်ရေးဆောင်ရွက်လျက်ရှိသော E-library စနစ်အား လက်တွေ့လုပ်ဆောင်ရာတွင် အဆင်သင့်ဖြစ်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ယခု E-library Management System Software အသုံးပြုနည်းအား ကြိုတင်လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းတက်ရောက်သူ ပြည်ခရိုင်အတွင်း မြို့နယ်ပြန်/ဆက်ရုံးများမှ မြို့နယ်ဦးစီးမှူးများ၊ ဒုတိယဦးစီးမှူးများနှင့် စာကြည့်တိုက်မှူး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် ဦးစီးဌာန(ရုံးချုပ်)၌ E-library Management System Software အသုံးပြုနည်းသင်တန်းတက်ရောက်ခဲ့ပြီးသော ပြည်ခရိုင်ရုံး စာကြည့်တိုက် တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နီလာခိုင်က E-library Management System Software အသုံးပြု၍ စာစုလုပ်ငန်း၊ စာငှားလုပ်ငန်းနှင့် ကတ်တလောက် လုပ်ငန်း ရေးသွင်းနည်းတို့ကို ခရိုင်နှင့်မြို့နယ်ပြန်/ဆက်ရုံးများမှ သင်တန်းသား၊ သင်တန်းသူ(၁၆)ဦးတို့အား သင်တန်းကာလနှစ်ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်းသိရသည်။

ကိုဆက်