ပိုင်ကျုံ ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့က နောင်ခလုံးကျေးရွာကျေးရွာ၌ လှည့်လည်ကြေညာခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးဆက်မှုများ လျော့နည်းနေသော်လည်း၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန် (Omicron) ရောဂါပိုးသည်ကာကွယ်ဆေးထိုးထားသူများလည်း ထပ်မံရောဂါပိုးကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည့်နည်းလမ်းများနှင့်အညီနေထိုင်ကြရန်၊ မိမိတွင်ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်းအကြိမ်ရေပြည့်စွာ မပျက်မကွက်ထိုးနှံကြပါရန်နှင့်ယခုအချိန်၌ အခြေခံပညာကျောင်းများတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများ အနေဖြင့် မိမိတို့၏ သားသမီးများအား ကာကွယ်ဆေးများ မပျက်မကွက်သွားရောက်ထိုးနှံပေးကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)