ချမ်းမြသာစည် ဩဂုတ် ၁၈
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်မေတ္တာခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံ ကျောင်းအုပ် ဆရာမကြီး ဒေါ်မူမူမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီးနောက် အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအသိပညာပေး၊ ကလေးအလုပ်သမား ခိုင်းစေမှုပပျောက်ရေး အသိပညာပေး၊ လူမှောင်ခိုကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် အသိပညာပေးစာအုပ်/စာစောင်များကို ပြသပေးခဲ့ကြပြီး အခမ်းအနားသို့ ဆရာ/ဆရာမ များ၊ကျောင်းသား/သူ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း (မြို့နယ်ပြန်/ဆက်)