ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာစိုးသူ(KPZ) ရေးသားထားသည့် လူငယ်နှင့် ပိုမိုလှပသော မနက်ဖြန်များဆီသို့စာအုပ်အား ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာရေးဆရာစိုးသူ(KPZ) ရေးသားထားသည့် လူငယ်နှင့်ပိုမိုလှပသော မနက်ဖြန်များဆီသို့ စာအုပ်သည် လူငယ်ခွန်အားဖြည့်စာစုများ ပါဝင်ရေးသားထားသောကြောင့် စာပေချစ်မြတ်နိုးသူများအနေဖြင့် ဖတ်သင့်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းနှင့် စာအုပ်တွင်ပါဝင်သော ယနေ့ လူငယ်နှင့်အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်တွေအားကိုးရမယ့်အရာကဘာလဲ၊ လူငယ်နှင့်တာဝန်ယူမှု တာဝန်ခံမှု စသည့်အကြောင်း အရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က လူငယ်များအနေဖြင့် ကြိုးစားရုန်းကန်ပြီး အနာဂတ်မျှော်မှန်းချက် ကြီးကြီးမားမားထားရန်လိုကြောင်း၊ လူငယ်များ၏ အရင်းအမြစ်သယံဇာတများသည် အင်မ တန်မှတန်ဖိုးကြီးမားကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း၊ လမ်းညွှန်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုအ ကြောင်းများ၊ ဝတ်စားဆင်ယင်မှု စသည့် အကြောင်းအရာများနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင့်ရီက အင်တာဗျူးခြင်းအနုပညာ၊ ကိုယ့်ဘဝနှင့်ကိုယ်၊ နေရာလေးပြောင်းပြီး စဉ်းစားပေးခဲ့ရင်၊ လူငယ်နှင့် ခေါင်းဆောင်ခြင်းဘာသာရပ်၊ လူငယ်နှင့်ပျော်ရွှင်မှု စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့်အကြောင်း အရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)