ပုလောမြို့နယ် Community Centre ၌ ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပုလော    ဩဂုတ်လ   ၁၉

ကျောင်းသား လူငယ်များအနေဖြင့် စာပေကိုချစ်မြတ်နိုးပြီး ပျော်ရွှင်ကျန်းမာသော လူငယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍  ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို  ယနေ့နံနက် (၁၀)နာရီက ပုလောမြို့နယ် Community Centre ၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် မုန့်ကိုက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ခြေတစ်ပေါင်ကြိုး လမ်းလျှောက် ပြိုင်ပွဲ၊ကြက်ခွပ်ပြိုင်ပွဲ၊  ကျောက်ခဲ ကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲနှင့် လူရိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး၊ ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မုန့်များ အချိုရည်များ ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြသည်။

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Community Centre ခန်းမကို ဖွင့်လှစ်ထားရှိပြီး၊ ကလေး/လူကြီး အသက် အရွယ်မရွေး သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်း၊ ပန်းချီဆွဲ ဆေးရောင်ခြယ်ခြင်း၊ ကာယဉာဏစွမ်းရည် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း ၊ စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ Wifi အသုံးပြုခြင်းနှင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ စသည့် မိမိတို့ကြိုက်နှစ်သက်ရာ အစီအစဉ်များဖြင့် လာရောက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)