ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များ အချိန်ကိုအသုံးချတတ်စေရေး ပြိုင်ပွဲများဆောင်ရွက်

ပိုင်ကျုံ  ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုသ်ကျောင်းပိတ်ရက် များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် ပြိုင်ပွဲများ  လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယ‌နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ စာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။

ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက် လေ့လာကြသည့် ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်မှ ကျောင်းသား လူငယ်များတို့အား ပိုင်ကျုံမြို့ ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်‌နော်ခူးခူးနှင့် ဝန်ထမ်းများက စကားပုံဆက်ပြိုင်ပွဲ၊ ပုံပြင်‌ ပြောပြခြင်းနှင့် ပုံပြင်ပြော ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား  အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးအပ်ခြင်း၊ အာဟာရမုန့်များကျွေးမွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်‌ ကျောင်းပိတ်ရက်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)