ပေါင် ဩဂုတ် ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ကိုဗစ် -၁၉ ရောဂါ စတင်ဖြစ်ပေါ်လာပုံများ၊ ဖြစ်ပွားစဉ်ကာလအတွင်း ပါဝင်ကူညီ ဆောင်ရွက်မှုများ၊ လိုအပ်လျက်ရှိသော ကယ်ဆယ်ရေး လုပ်ငန်းများ၊ ဖြစ်ပွားလာပါက အချိန်မရွေး နေရာမရွေး ကူညီရန် အသင့်အနေအထား ဆောင်ရွက်ထား ပါကြောင်း၊ မြို့နယ်အတွက်သာမက မည်သူ့အတွက်မဆို အောက်ဆီဂျင် လိုအပ်ပါက အောက်ဆီဂျင် ရရှိနိုင်ရန်အတွက် အဆင်သင့် မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောက်လုပ် ထားပါကြောင်း၊ အခြားသော လိုအပ်သည့် အကူအညီများကိုလည်း ဆောင်ရွက်ပေးဖို့ သင့်အနေအထား ရှိပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ တပ်ခွဲမှုး ဒေါ်နှင်းအိဖွေးလွင် က Quarantine Center တွင် ကူညီ ဆောင်ရွက်မှုများ၊ သူနာပြုများများနှင့် တန်းတူ ကူညီထောက်ပံ့ပေး နိုင်ခဲ့ကြောင်း ပြည်သူတို့ရဲ့ အသက်များစွာကို ကယ်ဆယ်ခွင့်ရလို့ ပေါင်မြို့နယ် ကြက်ခြေနီ အသင်းခွဲအနေဖြင့် ကျေးဇူးတင်ပါကြောင်းနှင့် ယခုအချိန်တွင်လည်း ကိုဗစ်ရောဂါအတွက် ကူညီရန် အဆင်သင့် ပြင်ဆင်ဆောင်ရွက် ထားပါကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
မွန်မလေး