ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဘီးလင်း သြဂုတ် ၂၀

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း က ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင်  ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ဆွေးနွေးပွဲ ကျင်းပရခြင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ အကြီးတန်း စာရေး ဒေါ်သိမ့်သီရိက ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန၏ ရည်ရွယ်ချက် (၂)ရပ်နှင့် လုပ်ငန်းတာဝန်များ၊ ဘေးအန္တရာယ် ဖြစ်ပွားခြင်းအတွက် ထောက်ပံ့ကူညီပေးမှု အခြေအနေများ၊ မိုးရာသီ တွင် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ထူးနောင်(ဘီးလင်း)