သံတောင်ကြီး ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲနှင့် ပင်ပေါင်ရိုက်ပြိုင်ပွဲတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ကလေးသူငယ်များ ဉာဏ်ပညာစွမ်းရည်၊ အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများရှိစေရန် ပြုလုပ်ပေးခဲ့ခြင်းပြီး ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား (၇)ဦး၊ အိမ်ဆောက်ပြိုင်ပွဲတွင် ကျောင်းသူ/ ကျောင်းသား(၈)ဦးနှင့် ပင်ပေါင်ရိုက်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၈)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ