နမ့်ခမ်း သြဂုတ် ၂၆
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ (Book Culb) အသင်းတို့က ယနေ့နံနက်(၁၀)နာရီအချိန် စာရေးဆရာ မြင်ခြံကျော်အောင်(ခ) သန်းထက်စံ ရေးသားထုတ်ဝေသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်”စာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများမှ အသိပညာ ဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှု လေ့လာမှု တိုးပွားလာစေရန်နှင့် စာအုပ်များအပေါ် စိတ်ပါဝင်စားမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေများ ရင်းနှီးပြီး ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို လာရောက်ငှားရမ်းဖတ်ရှုပြီး အသိပညာဗဟုသုတများ တိုးပွားစေလိုကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီမောင်ဘဦးက ရှင်းလင်းပြောကြားပြီး စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားထုတ်ဝေသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်တွင် ပါရှိသည့် " ယဉ်ကျေးသိမ်မွေ့ခြင်းသည် ဓနဥစ္စာ" ခေါင်းစဉ်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အသင်းများက စာအုပ်ပါ "ကြီးပွားခြင်း၏ အခြေခံ စာဖတ်ရန်"၊ "အောင်မြင်ကြီးပွားအောင် ဝိုင်းကူကြပါ"၊ “ ဆန္ဒစိန်၏ စွမ်းအား”နှင့် စသည့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)