နယ်ရုံးများ၏သတင်းများ

Sep 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အ.မ.က(မူလွန်) ထိန်ချောင်းကျောင်း၌ ယမန်နေ့နေ့လယ်(၂)နာရီ အချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 13,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉နာရီအချိန်မှစ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Sep 13,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က စာပေဆွေး နွေးခဲ့ ကြောင်းသိရသည်။
Sep 13,2022
၂၀၂၂ခုနှစ် စက်တင်ဘာလ  ၁၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက် မွန်းလွှဲ ၂နာရီ အချိန်က အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့  အမှတ်(၂)ရပ်ကွက် ဆုံကုန်းအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။
Sep 13,2022
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကို လေ့ကျင့်လိုက်စားနိုင်ရေး၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရေး၊ထူးချွန်ထက်မြက်သောနိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ "လူငယ်နှင့်အားကစား" အသိပညာပေး Talk Show ကျင်းပဆောင်ရွက် မှုကို ယမန်‌နေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။