နယ်ရုံးများ၏သတင်းများ

Aug 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
Aug 17,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသား သည့် “ လောကဇာတ်ခုံ ပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
Aug 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက “မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း” ဖွင့်လှစ်ရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများနှင့် ဗီဒီယိုတည်းဖြတ်နည်းကို စိတ်ပါဝင်စားသည့် လူငယ်များတက်ရောက်ခဲ့သည်။
Aug 17,2022
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသားကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိစေရန်လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး (Book Club /Youth Club) အဖွဲ့ဝင်များက စာရေးဆရာမောင်ကျေးဇူး၏ ဘဝနေတတ်မှုအနုပညာ စာအုပ်အားယနေ့နံနက် (၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအဖွဲ့ တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေးကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေးသိသင့်သိ ထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့်ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှားပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင် များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။