နယ်ရုံးများ၏သတင်းများ

Sep 14,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စက်တင်ဘာ ၁၃ ရက်၊ နေ့လယ် ၁ နာရီချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့်  မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )၌ ပြုလုပ်ကြောင်း သိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် လူထုအခြေပြုဗဟိုဌာန (Community    Centre) ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။
Sep 14,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက နန်းခဲရပ်ကွက်ရှိ ရွှေချောင်း၊ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Sep 14,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ  ၁၃ ရက်နေ့တွင် ကျရောက်သည့်  မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)၌ ပြုလုပ်ကြောင်း သိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုများချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီကပြုလုပ်ကြောင်း သိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(မူလွန်) (၂၀)တို့ ပူးပေါင်း၍  လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲကြောင်း သိရသည်။