နောင်ချို စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက် မွန်းလွှဲ ၂နာရီ အချိန်က အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီးနောက် ဇာတ်လမ်းနှင့် သရုပ်ဖော်ကိုလင်း ရေးသားထားသည့် “လာဘ်လာဘကြောင့် အပြစ်ရ” ရုပ်ပုံပြ ပုံပြင်ကို ဖတ်ပြခဲ့ပြီး မိမိအလုပ်ကို တာဝန်ကျေပွန်စွာ လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း၊ လာဘ်လာဘကို မျှော်ကိုးရင် အပြစ်ဖြစ်တတ်ကြောင်းကို ကျောင်းသား၊ ကျောင်းသူများ နားလည်လွယ်အောင် ဥပမာ၊ သာဓကများဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အသိပညာပေး ရုပ်ပုံပြ ကာတွန်း စာအုပ်များနှင့် ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့ရာ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို လစဉ် အလှည့်ကျကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)