ကျိုက်ဒုံ စက်တင်ဘာ ၁၃
၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)တွင် ကျိုက်ဒုံမြို့ (ပြန်/ဆက်)ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူးဒေါ်နန္ဒာလှိုင်တို့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုအများ ဆုံးနိုင်ငံများအကြောင်းနှင့် လူကုန်ကူးခံရမှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်းစိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်စသည့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေးမှုများ အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်