နယ်ရုံးများ၏သတင်းများ

Sep 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ သက်နိုင် (ပြင်ဦးလွင်) ရေးသားသည့် “ကြယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
Sep 18,2022
သတင်းအချက်အလက်နှင့်နည်းပညာပိုင်းဆိုင်ရာ အသုံးချမှုများ လက်လှမ်းမှီ ကျွမ်းကျင်စွာ အသုံးပြု တတ်စေရန်နှင့် ဌာနလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ  ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မိုဘိုင်ဖုန်းအသုံးပြုကာ သတင်းဗီဒီယို တည်းဖြတ်နည်း အခြေခံရက်တိုသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စတင် ဖွင့်လှစ်ပိုချခဲ့ကြောင်းသိရသည်။
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ဆိုက်ခေါင်မှ ကျောင်းသား/ကျောင်းသူများသည် ယမန်နေ့ညနေ (၅)နာရီက တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးသို့ လာရောက် လေ့လာကြသည်။
Sep 18,2022
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကိုရီးယားဘာသာအခြေခံရေးသားနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ကလည်းသင်တန်းကို အဆိုပါခန်းမတွင် ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Sep 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာရေးဆရာအသင်း(အင်းစိန်)တို့ ပူးပေါင်းပြီး ပြည်သူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန် ရည်ရွယ်၍ ရေးသူဖတ်သူ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။