ရန်ကုန် စက်တင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်း ဆင့်ပွားသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဋ္ဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးသက်တင်တို့က အမှာစကားအသီးသီးပြောကြားပြီးအင်းစိန်မြို့နယ်၊ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နည်းပြများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သတင်းစာဆရာအသင်းဒုတိယ ဥက္ကဋ္ဌဦးသက်တင်၊ အင်းစိန်မြို့နယ်၊ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း( Book Club ) ဒုတိယဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မူခင်း)နှင့် Car Journal အယ်ဒီတာချုပ်ဦးဝင်းနွယ်တို့က သတင်းမီဒီယာ ဥပဒေ၊ သတင်းစာသမိုင်း၊ သတင်းရေးသား တည်းဖြတ်ခြင်း၊ သတင်းရယူခြင်းနှင့် သတင်းရေးသားနည်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်း(၂၅)ဦးတို့အား စက်တင်ဘာလ(၁၃)ရက်နေ့မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ရာ သင်တန်းတွင်ထူးချွန်စွာဖြင့် ဆုများရရှိခဲ့ကြသော ဝန်ထမ်းများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)