ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ  စက်တင်ဘာ  ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများ  ရှာဖွေဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် အ-ထ-က(ခွဲ-၂)ကျောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ တွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေး အတွက် စသည့်ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး  ရှင်းလင်းပြောကြားပြီးနောက် သုသ/ရသ စာအုပ်စာပေ (၁၀၁) အုပ်အား အခမဲ့ ငှားရမ်းပေးခဲ့ ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်အနေဖြင့် ကျောင်းသား/သူများအား အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းအပြင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသခံပြည်သူများအတွက် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များကို ရိုက်ကူး ထုတ်လွှင့်ပေးခြင်းကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)