ဘူးသီးတောင်မြို့နယ်လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဘူးသီးတောင် စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့်သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုမြှင့်တင်ပေးရန် ရည်ရွယ်၍ စီစဉ်ထုတ်ဝေသည့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

ထိုသို့စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ဝန်ထမ်းများအနေဖြင့် မီဒီယာအကြောင်း သိရှိနားလည်စေရန် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဓာတ်ပုံကျွမ်းကျင်-၂ ဦးလှကျော်ကမီဒီယာသိ နားလည်မှုအခြေခံများ၊ မီဒီယာဆိုင်ရာ သိနားလည်မှုသည် မည်သည့်အတွက်ကြောင်း အရေးကြီးသနည်း၊ မိုဘိုင်းသတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ယနေ့ခေတ်တွင် အရေးပါသော သတင်းအချက်အလက် စသည့်အချက်များကို ဆွေးနွေးပြီးဝန်ထမ်းများက မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအတွက် အခြေခံလိုအပ်ချက်နှင့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးကြသည်။

ထို့နောက် ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က သတင်းမှား/မှန်မည်သို့ ခွဲခြားမည်နည်းအား ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)