ကော့သောင်းခရိုင် မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်နည်း (အခြေခံ)ရက်တိုသင်တန်းဖွင့်လှစ်ပိုချ

ကော့သောင်း စက်တင်ဘာ ၁၈

သတင်းအချက်အလက်နှင့်နည်းပညာပိုင်းဆိုင်ရာ အသုံးချမှုများ လက်လှမ်းမှီ ကျွမ်းကျင်စွာ အသုံးပြု တတ်စေရန်နှင့် ဌာနလုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ  ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မိုဘိုင်ဖုန်းအသုံးပြုကာ သတင်းဗီဒီယို တည်းဖြတ်နည်း အခြေခံရက်တိုသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စတင် ဖွင့်လှစ်ပိုချခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကော့သောင်းခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ရုံးများနှင့် မြို့ရုံးများမှ ဝန်ထမ်း(၁၀)ဦးနှင့်စိတ်ပါဝင်စားသည့် အခြားဌာနများမှ ဝန်ထမ်း(၆)ဦး တက်ရောက်ကြပြီး သင်တန်းတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်သည့် အပလီကေးရှင်းများကို အသုံးပြုကာ သတင်း၊ မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအား စနစ်တကျ ထားသိုတည်းဖြတ်ပုံနည်းစနစ်များ၊ အထူးပြုလုပ်ချက်များ အသုံးပြုပုံနည်းစနစ်များ၊ အသံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအား အသုံးပြုပုံနည်းစနစ်များနှင့် အခြားရုပ်/သံ တည်းဖြတ်ခြင်းဆိုင်ရာ သိသင့်သိထိုက်သည့် သီအိုရီနှင့်နည်းပညာများကို လုပ်ငန်းအတွေ့အကြုံရှိ သင်တန်းနည်းပြများက သင်တန်းကာလ (၂)ရက်တာ မျှဝေပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး