နယ်ရုံးများ၏သတင်းများ

Sep 20,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြ ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် အငြိမ်းစားမူလတန်း ကျောင်းအုပ်ဆရာကြီးများက ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြပါသည်။
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ရှင်သန်လည်ပတ်ဆောင်ရွက်နေလျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအတွက် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းက သုတ၊ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ(၂၃)ရက်နေ့တွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Sep 20,2022
ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်  ပြင်ပစာပေဗဟုသုတများ ကြွယ်ဝတိုးတက်စေရန်နှင့် စာဖတ်ရှိန်နှုန်း မြင့်မားတိုးတက်စေရန်တို့အတွက် ယနေ့နံနက် ၁၁ နာရီက  ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာ‌စောင်များငှားရမ်း‌‌ပေးရာ နေ့စဉ်စာကြည့်တိုက်တွင်လာရောက် ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။