နယ်ရုံးများ၏သတင်းများ

Sep 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ (၁၅)နာရီ (၄၅)မိနစ်အချိန်က ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် လည်းကောင်း (၁၆)နာရီ (၁၇)မိနစ်အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖျာပုံခရိုင်ရုံးနှင့်ဒေးဒရဲမြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံး ချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရှိလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ မွန်းလွဲ ၂ အချိန်ခန့်က မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မအူပင်ခရိုင်ရုံးနှင့် ညောင်တုန်းမြို့နယ်ရုံး၊ ပန်းတနော်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Sep 04,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆ ဖူလုံမှုရှိစေရန်နှင့် တောင်သူများ ထယ်/ထွန်စရိတ်များ သက်သာပြီး ဆောင်းနေကြာ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ် လျက်ရှိသော တိုင်းဒေသကြီး ဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍတွင်လည်း ပြည်တွင်းစားသုံးမှု ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့တင်ပို့၍ ပြည်ပမှဝင်ငွေ ရှာဖွေပေးနေသော စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိသည်။
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ လပွတ္တာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်မည် ဖြစ်ရာ ယနေ့နံနက် (၈)နာရီချိန်က လပွတ္တာမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် နန္ဒဝန်စျေး၊ ရွေးနဒီစျေး၊ အမှတ်(၁)ရပ်ကွက် ပျံကျစျေးများ၌‌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
Sep 04,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မွေးကင်းစမှ ဆယ်လအတွင်း မသန်စွမ်း ကလေးငယ်များ ရှိပါက သတ်မှတ်ပုံစံများ ဖြည့်စွက်၍ Baby Carrier များ ဆက်သွယ် ရယူနိုင်ကြောင်း ပုဂံမြို့ ရတနာဘုံစံ တောရကျောင်း အရှင်သာဂရထံမှ သိရသည်။