မိုင်းငေါ့ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာစောင်များငှားရမ်းပေးရာ နေ့စဉ်စာကြည့်တိုက်တွင်လာရောက် ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရရုံးပိတ်ရက်များသာပိတ်ထားပြီး နေ့စဉ်ငှားရမ်းပေးရာ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်ငှားရမ်းဖတ်ရှုကြကြောင်းနှင့်တစ်ဦးလျှင် (၁)အုပ်နှုန်း ငှားရမ်းပေးကြောင်း စာကြည့်တိုက်မှူးထံက သိရသည်။
စာအုပ်၊စာစောင်များ ငှားရမ်းပေးသည့်အပြင် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ် ခေါက်ခြင်းစသည့် အစီအစဉ်များနှင့် ဟောပြောပွဲများ (Talk Show) များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)