Sep 04,2022
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာအုပ်စု နေပြည်တော် ကောင်စီ လမ်းဘေးရှိ ဧက(၅၀၀)ကွင်းအတွင်းရှိ၊ ကွင်းအမှတ် (၁၆၃၆က) တောင်သူ ဦးတင်ထွန်းအပိုင် လယ်(၅)ဧကပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် ဓါတ်မြေသြဇာနှင့် သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနှိုးစက်ဖြင့် တမန်းနှိုးခြင်း၊ ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။