နယ်ရုံးများ၏သတင်းများ

Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က စာရင်းစစ်ရုံးနှင့် အ.ထ.က(၄)ကျောင်းသို့ သုတရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမြင်းခြံ ကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းဆင် စာအုပ်အား ယနေ့မွန်းလွဲ (၁)နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က  အမှတ်(၂)ရပ်ကွက်သို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 20,2022
တောင်သာမြို့ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်း သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာ ဗဟုသု တတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်များကိုသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အထက (၃)မြိတ် ပညာရတနာခန်းမတွင် ယနေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 20,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြင့်မာရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြ ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။