လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းက စာအုပ်လှူဒါန်းပွဲကျင်းပမည်

ပျဉ်းမနား စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ရှင်သန်လည်ပတ်ဆောင်ရွက်နေလျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအတွက် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းက သုတ၊ရသစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ(၂၃)ရက်နေ့တွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့် စာအုပ်စာစောင်၊ ပရိဘောဂများ ထောက်ပံ့ပေးနိုင်ရေးအတွက် ဆွေးနွေးမှုများဆောင်ရွက်ကြမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ရှင်သန်လျက်ရှိသည့် စာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ်များအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)