မြဝတီခရိုင်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး စာဖတ်ဝိုင်းဆောင်ရွက်ပေး

မြဝတီ     စက်တင်ဘာ ၂၀
 


ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင်  ပြင်ပစာပေဗဟုသုတများ ကြွယ်ဝတိုးတက်စေရန်နှင့် စာဖတ်ရှိန်နှုန်း မြင့်မားတိုးတက်စေရန်တို့အတွက် ယနေ့နံနက် ၁၁ နာရီက  ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြဝတီခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီကစာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး သုတပ​ဒေသာစာစောင် အတွဲ (၄၆)၊အမှတ်(၁)မှ ကျောင်းသားတစ်ဦးက"စာတတ်သူများစာဖတ်ကြစေရေး"ခေါင်းစဥ်ဖြင့် လည်းကောင်း၊ကျောင်းသူတစ်ဦးက"စာတတ်သူတိုင်းစာဖတ်ကြပါစို့"ခေါင်းစဥ်ဖြင့်လည်းကောင်းအသီးသီးဖတ်ကြားရှင်းလင်းပေးသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများကဖတ်ကြားပေးသည့် ခေါင်းစဥ်များအလိုက် အပြန်အလှန်မေးမြန်ဆွေး နွေးခဲ့ကြသည်။

​မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ကျောင်းသူများအတွက် အားလပ်ချိန်အချိန်ကို အကျိုးရှိစွအသုံးပြုတတ်စေခြင်း၊ စာပေဖတ်ရှခြင်း အလေ့ အကျင့်ကောင်းများရရှိစေခြင်း၊ စာကြည့်တိုက်ကိုကောင်းစွာအသုံးပြုတတ်ခြင်းနှင့် စာပေမှ ရရှိသည့်အသိဖြင့် အမှား/အမှန် ဝေဖန်ပိုင်ခြားတတ်စေပြီး မိမိဖတ်ရှုသည့်စာပေများမှ ပြန်လည်မျှဝေပေးနိုင်ခြင်းတို့​ကြောင့် စာဖတ်ဝိုင်းများကိုလစဥ် ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)