ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများအား ဖိတ်ခေါ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများပြုလုပ်

ဇေယျာသီရိ စက်တင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ဖိတ်ခေါ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းနှင့် စာပေစိတ်ဝင်စားမှုမြင့်မားလာစေရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကျောင်းသား/သူများသိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယခုလိုဖိတ်ခေါ်၍ ပြိုင်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနောက် ပြန်/ဆက်ဦးစီးဌာန တာဝန်ရှိသူများက ဦးဆောင်၍ ကျောင်းသား/သူများအား စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။                                     

အဆိုပါ ပြိုင်ပွဲသို့ သာစည်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ ၂၅ ဦးတက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် နံရံကတ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)