ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများ စာအုပ်စာစောင်များကို နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှုလျက်ရှိ

ရှမ်းရွာသစ်   စက်တင်ဘာ  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ် ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း  သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင် စာအုပ်များ၊ အပတ်စဉ်ထုတ်မိုးသောက်ပန်းဂျာနယ်၊ ရွှေသွေးဂျာနယ်၊ Happy Time ၊ တိုင်းရင်းသားရိုးရာ ရုပ်ပုံပြပုံပြင်စာအုပ်များ စသည့်စာအုပ်၊ စာစောင်များအပြင် ကလေးများအကြိုက်ပြိုင်ပွဲအစီအစဉ်များ၊ ကလေးများအတွက် ကလေးစာပေများဖတ်ရှုခြင်း၊  စာကြည့်တိုက်သည် ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ Talk Show များနှင့်  သင်တန်းများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများပျော်ရွှင်စေရန်နှင့် စိတ်အေးချမ်းစွာစာပေများကို ဖတ်ရှုလေ့လာစေရန်အတွက် သီးသန့်ဆောင်ရွက်ထားပြီး ကလေးများစိတ်ကြိုက်ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စကားပုံများဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ စသည့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)