စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ  စက်တင်ဘာ  ၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့်အလေ့ အကျင့်ကောင်းများဖြစ်လာစေရန်နှင့်  စာအုပ်စာပေများကိုချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက်(Mobile Library)မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများရှိ စာဖတ်သူများလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ-ထ-က(ခွဲ-၂) ဘားအံ၊ ပြည်နယ် သစ်ထုတ်လုပ်ရေးနှင့်   ခရိုင်ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာနသို့  စာအုပ်စာစောင်များ အခမဲ့သွားရောက် ငှားရမ်းပေးခဲ့သည်။

အဆိုပါ  Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးမှုနှင့်ပတ်သက်၍  အ-ထ-က(ခွဲ-၂)မှ Grade-8 ကျောင်းသူ မသဇင်အောင် က “သမီးတို့ကြိုက်တဲ့ကာတွန်း စာအုပ်တွေ၊ ရုပ်ပြ စာအုပ်တွေ၊ ပုံပြင်စာအုပ်တွေကို ငှားဖတ်ရလို့ ကျေးဇူးတင်ပါတယ်၊ ကျောင်းစာတွေ လုပ်ပြီးသွားရင် သမီးက သမီးကြိုက်တဲ့ ပုံပြင်စာအုပ်လေးတွေကိုဖတ်ရတာဗဟုသုတအများကြီးရရှိပါတယ်” ဟု ပြောကြား သည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်ပေါင်း (၂၅၀၀)ခန့် တင်ဆောင်၍ သင်တန်း ကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ အခမဲ့ငှားရမ်းပေး ရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့ အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂)ပတ်အထိ ငှားရမ်းဖတ်ရှုနိုင်ပြီး (၂)ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင် ရွက်ပေးလျက်ရှိရာ နေ့စဉ်စာအုပ်စာစောင်ပေါင်း (၂၀၀)ခန့် ငှားရမ်းပေးရလျက်ရှိကြောင်း သိရ သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)