နယ်ရုံးများ၏သတင်းများ

Oct 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)နှင့်၊ ကျောင်းသား/ကျောင်းသူများပူးပေါင်းပြုလုပ်သည့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြို့သစ်)ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းသား/သူ ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိပြီး ကလေးငယ်များစာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန် ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍
Oct 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီတွင် ကျောင်းသား၊ ကျောင်းသူများစာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ စာပေနှင့် ရင်းနှီးမှုရရှိစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Oct 19,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်အောင်မြင်မှု စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 19,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပသည်။ 
Oct 19,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။