မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မံစီ အောက်တိုဘာ ၁၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပသည်။ 

အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်တိုင်တီထွင် ဖန်တီးတတ်သည့် အတွေးအခေါ်များ ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမှတ်(၄) အခြခံပညာမူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များ စုစုပေါင်း (၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား ကျောင်းသူများ အားလုံးကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)