တံတား အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က မိန်းမနဲ့အလုပ်ဟူသော အကြောင်းအရာဖြင့် ဆွေးနွေးပြောကြားရာတွင် အမျိုးသမီးများ ကိုယ့်ဘဝကိုယ်ထူထောင်ဖို့၊ ရပ်တည်နိုင်ဖို့၊ အပိုဝင်ငွေရရှိနိုင်ဖို့၊ ကိုယ့်မိသားစုကိုဖြည့်ဆည်းပေးနိုင်ဖို့၊ မိမိကိုယ်ကိုယ်ကိုယုံကြည်မှုရှိဖို့၊ ကိုယ်ရည်ကိုယ်သွေးတက်ဖို့ အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်လမင်းသူကအမျိုးသမီးတစ်ယောက်သည် အနည်းဆုံးအသက် (၄၅၊ ၅၀)အထိ ဝင်ငွေရပြီး တည်ငြိမ်သောအလုပ်မျိုးလုပ်နိုင်သင့်ကြောင်း၊ အသက်(၅၀)ကျော်တွင် အလုပ်၊ ငွေကြေးတို့နှင့် ပတ်သတ်သောစိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ တက်ရောက်လာသော အမျိုးသမီးများမှလည်း မိန်းမနဲ့အလုပ်ဟူသောအကြောင်းအရာများပေါ်တွင် အပြန်အလှန်အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ