ကြံခင်းမြို့နယ် (Community Centre)တွင် အခြေခံပညာ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကြံခင်း အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်၊ လိမ္မာယဉ်ကျေးပြီး ဖြတ်ထိုးဉာဏ်ကို အသုံးချတတ်စေရန် ရည်ရွယ်ကြောင်း ပြောကြားပါသည်။

ထို့နောက် အခြေခံပညာမူလတန်းအဆင့် မူလွန်မြို့မတောင်ကျောင်းမှ (Grade-5) ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က စာရေးဆရာ မင်းသုဝဏ် ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)