နယ်ရုံးများ၏သတင်းများ

Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီအချိန်က တံတားမြို့ စင်မကော်ကျေးရွာအတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့် စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် (၁၀) နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Oct 19,2022
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍    ယနေ့နံနက် ၉ နာရီက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေးခြင်းကို ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီက အထက (ပေါက်ခေါင်း) ရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင်ပြသ‌ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်သည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျေးရွာ(၁၀)ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နေ့လယ်ပိုင်းက ကျောက်မြင့်ကျေးရွာအုပ်စု၊ ထန်းလေးပင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် စာပေဗဟု သုတရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ယနေ့မွန်းလွဲ (၁)နာရီက မြို့၀န်ကုန်းအခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့်  နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 19,2022
စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဥာဏ်ရည်ထက်မြက်လာ‌စေရေး၊ အတွေးအခေါ်‌‌ကောင်းများဖြစ် ပေါ်လာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သောကျောင်းသား/သူများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ချမ်းမြသာစည်မြို့ နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး‌နောက် ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဦးစီးဌာနရုံးရှိ Community Centreခန်းမတွင် ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။