နယ်ရုံးများ၏သတင်းများ

Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ (Community Centre) ခန်းမတွင် စာရေးဆရာ လူထုစိန်ဝင်း၏ မျှော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး စာအုပ်ဖြင့် ယနေ့နံနက်(၁၀) နာရီအချိန်က စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
Sep 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ‌ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမ၌ ယမန်နံနက် ၉ နာရီခွဲအချိန်က စာရေး ဆရာဧကရာဇ်၏ ၂၀၁၇ ခုနှစ် စာပေဗိမာန် စာမူဆု ဝတ္ထုတိုပေါင်းချုပ် တတိယဆုရမှတ်မှတ်သားသားဆရာ့စကားနှင့်အခြားဝတ္ထုတိုများ စာအုပ်ကိုရသစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း  သိရသည်။
Sep 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို
Sep 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် ဗဟုသုတရရှိရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့်BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် စကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 19,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကဗျာရွတ်ဆိုပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကိုကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် ( Community Centre )ခန်းမတွင်  ကျင်းပကြောင်းသိရသည်။
Sep 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင် ရွက်ခဲ့သည်။